- တိတ်ဆိတ်ညရဲ့ သန်းခေါင်ယံအချိန် ဟိုဒီတွေးတော ငေးမောမိတယ် ရောင်ဝါထိန်လင်း ရှင်လမင်းလို အေးမြမေတ္တာ အကြင်နာတွေနဲ့ ဝေးကွာခဲ့တယ် ဘန်ဒါတတ်ရဲ့ ဥသြငှက်ငယ် ဆိုတေးသံကို ကြားမိတိုင်းလဲ မွေးရပ်မြေကိုသတိရတယ် အလွမ်းရက်ရှည် နွမ်းလျှက်ကြွေပြီ မလေးရှားရဲ့နေ့ရက်တွေ အလှမ်းဝေးကွာ တမ်းတကဆွေးလို့ အဆောင်ထပ်မှာသောကပွေ လွမ်းဆွေးတမြေ့မြေ့ ပြေးတွေ့ခဲ့လည်း လမ်းဆုံးမှာတော့ အိမ်တွေ...... သည်နှယ်သည်စခန်း... ဘယ်လိုကြမ်းလည်း...... ၀မ်းရေးအတွက်ရှေ့ဆက်နေ......
No comments:
Post a Comment