Tuesday 23 August 2011

ကိုတိုင်ရေးပုံတူ

ရွေရောအနာဂတ်အတွက်...ငါတို့ရဲ့လက်တွေနဲ့...ငါတို့ရဲ့ဘ၀တွေကို...ထုဆစ်နေကြမယ်...ဘ၀ဆိုတဲ့တိုက်ပွဲ...မတိုက်ဘဲမိုက်မဲနေသမျှ...အောင်ပွဲဆိုတာမရနိုင်ဘူး...တစ်ခုခုကိုရယူချင်ရင်တော့...တစ်ခုခုကိုပေးဆပ်ရမှာပဲ...သုခနဲ့စံဖို့အတွက်...ဒုက္ခကိုလည်းခံတတ်ရမယ်...ဒါနိယာမတရားပဲ...ငါတို့လက်တွေက...အချိန်ဆိုတဲ့ယန္တရား...အလကားရထားတာမဟုတ်ဘူး...တ်ဖိုးကြီးကြီးနဲ့...ငါတို့ရင်းနှီးထားရတာ...ဒီအတွက်ငါတို့...ဘယ်လောက်မြတ်ခဲ့ပြီလဲ...ငါတို့ရဲ့ခွန်အားလက်နက်...ငါတို့ရဲ့ချွှေးစက်တွေနဲ့...ရရှိခဲ့တဲ့အောင်မြင်မှု...ဘယ်လောက်ထိအကျိုးပြုခဲ့ပြီလဲ...ကိုယ်ကိုတိုင်ပြန်မေးရဲခဲ့ပြီလား...ငါတို့နေထိုင်တဲ့နေရာ...မာယာတွေနဲ့ဖျားယောင်းထားတဲ့နေရာ...အကွေ့အကောင့်အတက်အဆင်းနဲ့...ရမ္မက်တွေနဲ့ပြည့်နက်နေတဲ့နေရာ...ဒီအတွက်သတိထားပြီး...အသိတရားနဲ့ရုန်းထွက်ကြရမယ်...လာတုန်းကဒီခရီး...ခေါင်းမော့ပြီးလာခဲ့သလို....အချိန်တန်အိမ်ပြန်ခရီးမှာလည်း...ရင်ကော့ပြီးပြန်ရဲရမယ်...ငါတို့ရဲ့ဘ၀ငါတို့ရဲ့ပုံတူအစစ်...ရဲရင့်စွာထုဆစ်ပြီးတော့...မိသားစုပြတိုက်ထဲမှာ...၀င့်ကြွားစွာထားနိုင်ရမယ်...ဒါဆိုရင်အခုကတည်းကစဉ်းစား...ငါတို့ထုဆစ်မယ့်အရုပ်...ကျားရုပ်လားနွားရုပ်လား...နဂါးရုပ်လား...အလကားအရုပ်လား...............BY min nyi.