Thursday 24 November 2011

လမင်း

မင်းကိုနေ့နေ့ညညလွမ်းတယ်..

အမြဲတမ်းအတွက်ရည်ရွယ်...

မင်းကငါ့ရဲ့အိပ်မက်...

မင်းဟာငါ့ဘ၀ရဲ့...

အရှင်သခင်ပါ...

မင်းကငါ့ဘ၀အတွက်...

ထာဝရလမင်းလေးဆို...

ငါကမင်းအတွက်...

ထာဝရနေမင်းဖြစ်ပါရစေကွာ....












*လမင်း*

Saturday 19 November 2011

" ကောက်ချက်လွဲ "

ပြိုင်ဘက်ရဲ့ချက်အောက်ကို

တိုက်ခိုင်ပြီးအနိုင်ယူတတ်တဲ့

အားကစားသမား

ဘယ်လိုစိန်ခေါ်ပွဲကြိုးဝိုင်းကများ

လက်ခံကစားနိုင်မှာလဲ။

စည်းကမ်းတွေကိုချိုးဖောက်လို့

ကြိုးဝိုင်းအပြင်ရောက်သွားတဲ့

မိုင်တိုင်စန်တစ်ယောက်ကို

အားကျလေသလား
ငါ့နှလုံးသားကိုမေးမိပါရဲ့။

တိကျတဲ့အဖြေက

နှလုံးသားကတဆင့်

ဦးနှောက်ကိုသတိပေးလိုက်တယ်

ရယူပိုင်ဆိုင်လိုစိတ်တဲ့

ရွေတံဆိပ်ဆုနဲ့လွဲမှာစိုးလို့

မတော်တဆဟန်ချက်တွေကို

အကြိမ်ကြိမ်အခါခါအသုံးချ

တိုက်ခိုက်ခဲ့သမျှရလဒ်က

ဒီမှာတင်တခန်းရပ်လိုက်ပါစို့လား။

ပတ်သက်ခဲ့သမျှကိုအဖြေရှာ

သေချာတာတစ်ခုကတော့

ကောက်ချက်လွဲမှားခဲ့တဲ့နှလုံးသား

ဝန်ချတောင်းပန်ဖို့

အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။

သူ့အနားကိုအရောက်သွား

သူဆိုနေတဲ့တေးသွားက

"NO"အဖွဲ့ဆီကငှားထားတဲ့

မင်းအတွက်နဲ့ငါ့ရင်မှာ

နေရာလုံးဝမရှိတော့ပါ........တဲ့။

" ကွမ်းကြိုက်တဲ့မောင် "

နှစ်ဆယ့်လေးနာရီထဲ
အိပ်ချိန်ကလွဲလို့
တစ်ရေးနိုးတောင်

ထထ၀ါးတတ်တဲ့ကောင်။

တစ်ကယ်ဆို

ကိုယ့်အနာဂတ်ယာခင်းလေးထဲ

အတတ်ကြွဆုံးမျိုးစေ့

မျှော်လင့်ချက်မြေသြဇာ

အားလုံးအိပ်သွင်ဖာမှောက်

ရေလောင်းပေါင်းသင်ခဲ့တာ

ရွေရောင်အိပ်မက်တွေကလှလွန်းတယ်။

ခုတော့လည်းကွယ်
ငါ့ရင်ဘတ်တစ်ခုလုံး
ကျွှဲပခုံးထနေတာတောင်မှ

ထွန်ရေးကမလှပခဲ့ဘူး။
ခ န္တီးတရားနဲ့
သဘောတူကြည်ဖြူစွာ

ကျွှန်ခံခဲ့တာတောင်မှ

ကိုယ့်ချွှေးခဲသီးနှံဆိုတာ

ဈေးကောင်းမရခဲ့ဘူး။

ကိုယ့်ရင်ဘတ်နဲ့တိုင်းခဲ့မျှ

လမ်းတွေကမညီဘူးလေ

ရင်ခုန်သံရေစီးချောင်းထဲမျှောခဲ့သမျှ

သံဝေဂစာပေတွေကလွဲလို့

ဖွတ်မရဓါးမပါဆုံးရတယ်။

ရေဆန်နဲ့ရေစုန်

စိတ်ကိုအရောင်မဆိုးချင်တော့ပါဘူး

ကံတရားကဆန်းကြယ်ပြခဲ့သမျှ

ကိုယ့်ဘ၀ကိုကိုယ်သိသလောက်ရခဲ့ပြီမို့

အချစ်ရေ

အချိန်တန်အိမ်ပြန်လာခဲ့ရင်

ကွမ်းတယာရေတမုတ်တော့..............ဆက်။

Thursday 17 November 2011

ငါသေလို့ရတယ်

မင်းကငါ့ရဲ့အချစ်...မင်းငါ့ရဲ့အိမ်မက်... မင်းကငါ့ရဲ့ဘ၀... မင်းကငါ့ရဲ့ကမ္ဘာ... မင်းမရှိရင်ငါ့ရဲ့အချစ်... မင်းမရှိရင်ငါ့ရဲ့အိမ်မက်... မင်းမရှိရင်ငါ့ရဲ့ဘ၀... မင်းမရှိရင်ငါ့ရဲ့ကမ္ဘာ...ဟာ သေနိုင်လောက်တယ်... ငါသေလို့ရတယ်...