ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက် မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက ဇနီးသည်ကို ပြောသည်။
ယောက်ျား ။ ။ “မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။
ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာဖောက်ခဲ့ ဖူးသလား”
မိန်းမ ။ ။ “မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”...........................ပေါ်ကုန်မှာပေါ့ဟုတ်ဘူးလား....အဲလိုမိန်းမမျိုးရရင်တောစိုင်းစိုင်းဆိုထားသလိုပေါ့........့သေပြီဆရာ......
သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ဗျာ...အားလုံးကိုခင်မင်လေးစားပါတယ်...ခုလိုမျက်စိလည်လမ်းမှားပြီး...ဒီဘလော့လေးကိုရောက်လာတဲ့သူအားလုံးကိုwellcomeပါဗျာ...ကျေးဇူးလဲအရမ်းတင်ပါတယ်...ခုလိုဒီဘလော့လေးကိုလုပ်ခွင့်ရတဲ့အတွက်အရမ်းလဲဝမ်းသာပါတယ်...လာရောက်လည်ပတ်တဲ့သူငယ်ချင်းတွေကိုလဲကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်...ဆက်လတ်လေ့လာနေဆဲ့ပါ....
Showing posts with label ဟာသ. Show all posts

Thursday, 15 September 2011
Friday, 2 September 2011
ဖေဖေသူတို့လိုဝတ်ပါလား...
မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။
တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။
“ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်”
“အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့”
“ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော”
“သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“လမ်းပြပုလိပ်တွေပေါ့ သားရဲ့”
“အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား”
“ဟုတ်တယ်ကွဲ့”
“အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ”
“ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ”
အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …
“ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့” တဲ့။
(ဆရာဂါမဏိရဲ့ ပြောပြချက်ကို ဆင့်ပွားခံစားတင်ပြပါသည်။)

Very Dangerous Animals.
တခါတုန်းကပေါ့။ ရန်ကုန်ကိုရောက်လာတဲ့ နိုင်ငံခြားသားတဦး တပ်မတော်မှတ်တမ်းရုံးနဲ့ တိရိစ္ဆာန်ရုံကြားက ကားမှတ်တိုင်မှာ ဘတ်စကားစောင့်နေတယ်။ ဘတ်စကားစောင့်နေရင်း သိချင်တာတခုရှိတာနဲ့ သူ့ရှေ့ ဖြတ် လျှောက်သွားတဲ့ မြန်မာနိုင်ငံသားတဦးကို အကူအညီ လှမ်းတောင်းလိုက်တယ်။ ပြီးတော့ တိရိစ္ဆာန်ရုံအုတ်တံ တိုင်းကို လက်ညှိုးထိုးပြီး ဘာကြောင့် အုတ်တံတိုင်း အမြင့်ကြီး ကာထားတာလဲလို့ မေးလိုက်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားကလည်း Dangerous Animals ဆိုပြီး မဆိုင်းမတွ ဖြေလိုက်တယ်။
မြန်မာနိုင်ငံသားရဲ့ အဖြေကို ကြားတော့ နိုင်ငံခြားသားက အုတ်တံတိုင်းကြီးကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ပြီးတော့ လမ်းတဘက်က တပ်မတော်မှတ်တမ်းရုံးကို လက်ညှိုးထိုးပြီး အုတ်တံတိုင်းအမြင့်ကြီး ရော သံဆူးကြိုးတွေပါ ဘာဖြစ်လို့ ကာထားတာလဲလို့ ထပ်မေးလိုက်ပြန်တယ်။ အဲဒီမှာ မြန်မာနိုင်ငံသားက မျက်လုံးပြူးပြီး Very Dangerous Animals !!! လို့လည်း ဖြေလိုက်ရော နိုင်ငံခြားသားကြီးမှာ တော်တော်သ ဘောကျသွားခဲ့လေသတဲ့။

Subscribe to:
Posts (Atom)