Saturday 19 November 2011

" ကောက်ချက်လွဲ "

ပြိုင်ဘက်ရဲ့ချက်အောက်ကို

တိုက်ခိုင်ပြီးအနိုင်ယူတတ်တဲ့

အားကစားသမား

ဘယ်လိုစိန်ခေါ်ပွဲကြိုးဝိုင်းကများ

လက်ခံကစားနိုင်မှာလဲ။

စည်းကမ်းတွေကိုချိုးဖောက်လို့

ကြိုးဝိုင်းအပြင်ရောက်သွားတဲ့

မိုင်တိုင်စန်တစ်ယောက်ကို

အားကျလေသလား
ငါ့နှလုံးသားကိုမေးမိပါရဲ့။

တိကျတဲ့အဖြေက

နှလုံးသားကတဆင့်

ဦးနှောက်ကိုသတိပေးလိုက်တယ်

ရယူပိုင်ဆိုင်လိုစိတ်တဲ့

ရွေတံဆိပ်ဆုနဲ့လွဲမှာစိုးလို့

မတော်တဆဟန်ချက်တွေကို

အကြိမ်ကြိမ်အခါခါအသုံးချ

တိုက်ခိုက်ခဲ့သမျှရလဒ်က

ဒီမှာတင်တခန်းရပ်လိုက်ပါစို့လား။

ပတ်သက်ခဲ့သမျှကိုအဖြေရှာ

သေချာတာတစ်ခုကတော့

ကောက်ချက်လွဲမှားခဲ့တဲ့နှလုံးသား

ဝန်ချတောင်းပန်ဖို့

အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။

သူ့အနားကိုအရောက်သွား

သူဆိုနေတဲ့တေးသွားက

"NO"အဖွဲ့ဆီကငှားထားတဲ့

မင်းအတွက်နဲ့ငါ့ရင်မှာ

နေရာလုံးဝမရှိတော့ပါ........တဲ့။

" ကွမ်းကြိုက်တဲ့မောင် "

နှစ်ဆယ့်လေးနာရီထဲ
အိပ်ချိန်ကလွဲလို့
တစ်ရေးနိုးတောင်

ထထ၀ါးတတ်တဲ့ကောင်။

တစ်ကယ်ဆို

ကိုယ့်အနာဂတ်ယာခင်းလေးထဲ

အတတ်ကြွဆုံးမျိုးစေ့

မျှော်လင့်ချက်မြေသြဇာ

အားလုံးအိပ်သွင်ဖာမှောက်

ရေလောင်းပေါင်းသင်ခဲ့တာ

ရွေရောင်အိပ်မက်တွေကလှလွန်းတယ်။

ခုတော့လည်းကွယ်
ငါ့ရင်ဘတ်တစ်ခုလုံး
ကျွှဲပခုံးထနေတာတောင်မှ

ထွန်ရေးကမလှပခဲ့ဘူး။
ခ န္တီးတရားနဲ့
သဘောတူကြည်ဖြူစွာ

ကျွှန်ခံခဲ့တာတောင်မှ

ကိုယ့်ချွှေးခဲသီးနှံဆိုတာ

ဈေးကောင်းမရခဲ့ဘူး။

ကိုယ့်ရင်ဘတ်နဲ့တိုင်းခဲ့မျှ

လမ်းတွေကမညီဘူးလေ

ရင်ခုန်သံရေစီးချောင်းထဲမျှောခဲ့သမျှ

သံဝေဂစာပေတွေကလွဲလို့

ဖွတ်မရဓါးမပါဆုံးရတယ်။

ရေဆန်နဲ့ရေစုန်

စိတ်ကိုအရောင်မဆိုးချင်တော့ပါဘူး

ကံတရားကဆန်းကြယ်ပြခဲ့သမျှ

ကိုယ့်ဘ၀ကိုကိုယ်သိသလောက်ရခဲ့ပြီမို့

အချစ်ရေ

အချိန်တန်အိမ်ပြန်လာခဲ့ရင်

ကွမ်းတယာရေတမုတ်တော့..............ဆက်။