Saturday 3 December 2011

ဒဏ်ရာနဲ့နှလုံးသား

လှပတဲ့မင်းကို

မြင်မိတဲ့

ငါ့မျက်လုံးအစုံက

နှလုံးသားတံခါးကိုခေါက်

ဒေါက်...ဒေါက်...ဒေါက်

နှနှယ်တဲ့ငါ့နှလုံးသား

အချစ်ကိုမခံစားဖူးတဲ့ငါ

မင်းနဲ့တွေ့မှချစ်တတ်ခဲ့

မချစ်ဖူးလို့အချစ်ရှုး

အချစ်ဦးသူမို့

အပြစ်မယူ

မခွဲမခွာ

တစ်သက်စာ

မျှော်ကာရည်စူး

ဆုတောင်းဖူး

မုန်းကာမေ့ကာ

စွန့်ပစ်ကာ

ရက်စက်သွားတဲ့

မင်းနှလုံးသားက

ငါ့ကိုအကြိမ်ကြိမ်

ဒဏ်ရာတွေပေးခဲ့ဖူးတယ်...

မင်းပေးခဲ့တဲ့

ဒဏ်ရာနဲ့ငါ့နှလုံးသားကို

ဒီမှာတင်

ငါခွဲထုတ်ပြစ်လိုက်ပြီ......


အထီးကျန်ည

ထားခဲ့တဲ့မင်း...
ကျန်ခဲ့တဲ့ငါ...
ငါ့ဘ၀နဲ့ငါ...
... ထားရာနေ...
စေရာသွား...
ငါ့ဘ၀နဲ့ငါမို့...
ထားခဲ့တဲ့မင်းကို...
ငါအပြစ်မပြောလိုဘူး...
မှားခဲ့တဲ့...
ငါ့နှလုံးသား...
ဝန်ချတောင်းပန်ဖို့...
အသင့်ရှိပေမယ့်...
မင်းကတော့...
ငါနဲ့အဝေးဆုံး...
တစ်နေရာကို...
ရောက်သွားခဲ့ပြီ...
ဒီညဟာ...
ငါ့ရဲ့...
အကျည်းတန်တဲ့...
အထီးကျန်ညလေးပါပဲလား...