သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ဗျာ...အားလုံးကိုခင်မင်လေးစားပါတယ်...ခုလိုမျက်စိလည်လမ်းမှားပြီး...ဒီဘလော့လေးကိုရောက်လာတဲ့သူအားလုံးကိုwellcomeပါဗျာ...ကျေးဇူးလဲအရမ်းတင်ပါတယ်...ခုလိုဒီဘလော့လေးကိုလုပ်ခွင့်ရတဲ့အတွက်အရမ်းလဲဝမ်းသာပါတယ်...လာရောက်လည်ပတ်တဲ့သူငယ်ချင်းတွေကိုလဲကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်...ဆက်လတ်လေ့လာနေဆဲ့ပါ....
Saturday, 22 October 2011
အဆိပ်
ပန်းတစ်ပွင့်က၀တ်ရည်ကို ပျားနဲ့ပိတုံး အတူစုပ်ပါလျှက် ပျားစုပ်တဲ့ဝတ်ရည်က ဆေးဖြစ်ပြီး ပိတုံးစုပ်တဲ့ဝတ်ရည်က ဘာကြောင့်အဆိပ်ဖြစ်သွားရတာလဲ..............................
ဥယာဉ်မှူး
ပန်းအလှနဲ့ပန်းဘ၀ ဝေဆာပျော်မြူးပန်းအလှမို့ လိပ်ပြာ ပိတုန်း ပျား ၀ဲလျှက်သာ ၀တ်ရည်သောက်သုံး ပျော်မဆုံးနိုင် အခုတော့ပန်းအလှ ပွင့်ဖက်ကြွေလို့ အလှလဲပျက် ပန်းအလှကြောင့် ပန်းဘ၀ပျက် လိပ်ပြာ ပိတုန်း ပျား ဘယ်ဟာကောင်းလဲ ပန်း..........
အတ္တသားကောင်
တဖက်သတ်ဘ၀နဲ့ တိတ်တိတ်လေးချစ် ကြိတ်ကြိတ်ဆွေးရတဲ့ ဒုက္ခကို ဘယ်သူတွေက စာနာပေးတတ်မှာလဲ တကယ်တော့ကိုယ့်အဖြစ်က သူတစ်ပါးရင်ခွင်ကပန်းကို မြတ်နိုးမိခဲ့တဲ့ အတ္တသားကောင်.... သက်သက်ပါပဲ....
လွမ်းစုကဗျာ
- တိတ်ဆိတ်ညရဲ့ သန်းခေါင်ယံအချိန် ဟိုဒီတွေးတော ငေးမောမိတယ် ရောင်ဝါထိန်လင်း ရှင်လမင်းလို အေးမြမေတ္တာ အကြင်နာတွေနဲ့ ဝေးကွာခဲ့တယ် ဘန်ဒါတတ်ရဲ့ ဥသြငှက်ငယ် ဆိုတေးသံကို ကြားမိတိုင်းလဲ မွေးရပ်မြေကိုသတိရတယ် အလွမ်းရက်ရှည် နွမ်းလျှက်ကြွေပြီ မလေးရှားရဲ့နေ့ရက်တွေ အလှမ်းဝေးကွာ တမ်းတကဆွေးလို့ အဆောင်ထပ်မှာသောကပွေ လွမ်းဆွေးတမြေ့မြေ့ ပြေးတွေ့ခဲ့လည်း လမ်းဆုံးမှာတော့ အိမ်တွေ...... သည်နှယ်သည်စခန်း... ဘယ်လိုကြမ်းလည်း...... ၀မ်းရေးအတွက်ရှေ့ဆက်နေ......
Subscribe to:
Posts (Atom)