Wednesday 5 October 2011

နေမင်းနဲ့လမင်း

နေမင်းရဲ့လင်းရောင်ခြည်ကတောက်ပတယ်...လောကကြီးကိုအလင်းရောင်တွေပေးလို့...ငါတို့လူသားအားလုံးက...အလင်းရောင်ဆိုတဲ့ရောင်ခြည်နဲ့အသက်ဆင်နေရတယ်...ဆိုတာလက်ခံပါတယ်...အဲလိုပဲနေရောင်ခြည်ကလဲလမင်းကိုရောင်ခြည်တွေပေးလို့...လမင်းကညရောက်ရင်နေကပေးတဲ့ရောင်ခြည်တွေကို...ကျွှန်တော်တို့လူသားတွေကိုပြန်ပြီးဝေငှပေးတယ်...လရောင်ကညရောက်ရင်အရမ်းကိုအေးမျှတယ်...လသာတဲ့ညတွေမှာဆိုကောင်းကင်ပေါ်ကလမင်းကြီးကိုကြည့်ပြီး...အိမ်အပြင်မှာထွက်ထိုင်ခဲရတဲ့ရက်တွေများလှပြီလမင်းရယ်...ဘာကြောင့်လဲဆိုတော့ကျွှန်တော်သိပ်ပြီးစွဲလန်းတမ်းတမက်မောခဲ့ရတဲ့လမင်းအကြောင်းစဉ်းစားနေလို့....အိပ်ရေးပျက်ခဲ့ရတဲ့ရက်တွေလဲများလှပါပြီလမင်း...လမင်းအတွက်ဆိုပြီးကဗျာတွေရေးချင်နေခဲ့တယ်...ဒါပေမယ့်...ကျွှန်တော်နှလုံးသားမှာလမင်းဆိုတဲ့.....လမင်းကလွဲပြီးဘယ်သူ့ကိုမှငါ့နှလုံးသားထဲမှာအစားထိုးမှာမဟုတ်ဘူးဆိုတာ....လမင်းကြားအောင်ပြောပြချင်ပါသေးတယ်...လမင်းရယ်