Wednesday, 19 October 2011

ကြာပန်းသာဖြစ်ပါစေ

ညတစ်ညရဲ့အလှကို...စန္ဒဆိုတဲ့လမင်းကြီးကပဲ...သော်တာဆိုတဲ့အလင်းရောင်နဲ့...လောကကြီးကိုအလှဆင်ပေးပါတယ်...လူတစ်ယောက်ရဲ့အလှကိုတော့...ဘယ်အရာနဲ့အလှဆင်မလဲ....အချစ်ဆိုတဲ့အရာနဲ့အလှဆင်မလား...ပစ္စည်းဥစ္စာနဲ့အလှဆင်မလား....တရားဓမ္မနဲ့အလှဆင်မလား...ဘယ်အရာနဲ့အလှဆင်ရင်မြဲမလဲ...အသေအချာစဉ်းစားပါ...မိတ်ဆွေ....လူတိုင်းကမနက်ဖြန်ရဲ့အလင်းရောင်ကိုမြင်ရဖို့....ညအမှောင်ကိုဖြတ်ကျော်ပြီးစောင့်ကြတယ်....ဘ၀ဆိုတာအခက်အခဲတွေအများကြီးကိုဖြတ်ကျော်ပြီးမှ....အလင်းရောင်ကိုမြင်ရတယ်...ကြာပန်းကိုကြည့်ရင်သိနိုင်ပါလိမ့်မယ်...ကြာပန်းဟာအခက်အခဲတွေအများကြီးကိုဖြတ်ကျော်ပြီး...သူ့ဘ၀ကိုတန်ဖိုးရှိရှိတည်ဆောက်တယ်...သူ့မှာဘာအပြစ်မှပါမလာဘူး...မိတ်ဆွေရဲ့ဘ၀ကိုလဲကြာပန်းလိုဖြစ်လာအောင်နေကြည့်ပါ...တန်ဖိုးရှိတဲ့ဘ၀ကိုပိုင်ဆိုင်ပါလိမ့်မယ်မိတ်ဆွေ....ကြာပန်းသာဖြစ်ပါစေ...ဗေဒါတော့မဖြစ်ပါစေနဲ့နော်...

အနှိုင်းမဲ့မေတ္တာ

စိမ်းလန်းစိုပြေတဲ့လယ်ယာမြေ

မိုးကတစ်စိမ့်စိမ့်ရွာ...အတွေးကမ္ဘာထဲ...အလွမ်းသက်ဝင်...အတိတ်ကအကြောင်းလေးတွေကို....သတိရ...လယ်ယာမြေနဲ့အမေ့မျက်နှာ...မမေ့နိုင်တဲ့အမေချက်ကျွှေးတဲ့ဟင်း....ချဉ်ပေါင်ရွက်ဟင်းငရုပ်သီးထောင်းလိုက်ဖက်ပါတဲ့...မောမောနှင့်တောထဲကအပြန်...မီးဖိုချောင်ထဲကအပြုံးမျက်နှာရှင်မေမေ...အမေပြင်ထားတဲ့မိသားစုထမင်းဝိုင်းဟင်းလျှာမစုံလင်ပေမယ့်....စားကောင်းလိုက်တြဲ့အမေ့လက်ရာ...ချဉ်ပေါင်ရွက်ဟင်းချိုနဲ့ငပိထောင်း...တောသူတောင်သားတွေရဲ့အစားအစာခုတော့ဝေးကွာ...ဘ၀ရဲ့မျှော်လင့်ချက်များစွာနဲ့အဝေးကိုရောက်မျှော်လင့်ချက်တွေမပြောင်းလဲပေမယ့်....ပြောင်းလဲတာတစ်ခုတော့ရှိတယ်...အဲဒါဘာလဲမီးဖိုးချောင်ထဲကအပြုံးရှင်မေမေအိုမင်းလို့ကျဆင်းသွားတဲ့အမေ့ရုပ်ရည်ကိုဓါတ်ပုံထဲမှာကြည့်ပြီး....သားမောင်ရင်နာမိတယ်မေမေရယ်....