Wednesday 8 January 2014

ချစ်သူဆီသို့

ငါအဝေးမှာရောက်နေတဲ့အချိန်မှာငါ့ကိုအဆင်ပြေလားလို့မမေးပါနဲ့လားချစ်သူရယ်ဒီမေးခွန်းကိုဖြေဖို့ငါ့မှာအင်အားမရှိလို့ပါ။ငါသိပ်ချစ်ရတဲ့သူတစ်ယောက်လုံးအနားမှာမရှိတာအဆင်ပြေနိုင်ပါ့မလားချစ်သူ   ဒါပေမယ့်ငါချစ်ရတဲ့နင့်အတွက် ငါအရမ်းချစ်ရတဲ့နင့်အတွက်ငါ့ခံစားချက်တွေသိုဝှက်လို့အပြုံးလေးနဲ့ငါဖြေပေးပါ့မယ် ငါအဆင်ပြေပါတယ်ချစ်သူငါ့ဘေးမှာနင်မရှိပေမယ့်ငါ့နှလုံးသားထဲမှာနင်ရှိနေလို့ပါငါတို့နှစ်ယောက်ဝေးနေရတဲ့အချိန်တွေအတွက်တစ်ခုလောက်တော့တောင်းဆိုခွင့်ပြုပါ   ငါနင့်ဆီပြန်လာတဲ့အခါအချစ်တွေတိုးမလာရင်တောင်လျှော့မသွားတဲ့နင့်ရဲ့နှလုံးသားတစ်ခုကိုငါ့အတွက်လက်ဆောင်အဖြစ်ပေးလှည့်အါချစ်သူ....

No comments:

Post a Comment