popular posts

Monday 26 September 2011

အပြုံးမပြတ်တဲ့လမင်း

.အကြောင်းမလှတဲ့ ကံကြမ္မာကြောင့်
အမေ့မျက်နှာ အိုစာနေပေမယ့်
သားသ္မီးတွေ အတွက်ဆို
အပြုံးမပျက်တဲ့ လမင်းလို
အမြဲတမ်း ၀င်းထိန်လျှက်ပေါ့...............။
သားသိပါတယ်....အမေ
နှလုံးသားချင်း ရင်းနှီးသူပီပီ
နားလည်ခံစား မိပါတယ်
အပြင်ပန်း မျက်နှာမှာ
အပြင်ပန်းအသွင်ဆန်းပြုံးပြနေပေမယ့်
ဒုက္ခနတ်ဆိုးတွေကြောင့်
နာကျင်နေတဲ့ အမေ့ရင်မှာ
နှလုံးသားတွေ ကြေမွနေရောပေါ့.............
အမေဟာလေ
မာယာများတဲ့ လောကကြီးမှာ
ဘ၀ရဲ့ဒဏ်ကိုရင်းဆီးခံလို့
ဒီဆင်းရဲသား ငမွဲတွေအတွက်ဆို
သွေးအသက်ကိုအလေးမထား
အမဲရိုးနဲ့ထမင်းစားပြီး
မြင့်မိုရ်တောင်ကြီးကိုတောင်
ဇီးသီးလို သဘောမှာကပ်
+ကျေနပ်စွာ ထမ်းရွက်မည့်သူပါ..........
အဆုံးစွန်ထိပြောရရင်
ရိုးတံပြိုင်းပြိုင်းထနေတဲ့
နွေရာသီ သစ်ပင်တွေလို
ပူပြင်းလွန်းတဲ့ ဘ၀နေကြောင့်
ဆံဖြူသွားကျိုးခါးကုန်းနားထိုင်
အိပ်ယာထဲဘိုင်းဘိုင်းလဲခဲ့ရင်တောင်
ဇရာမင်းရဲ့ လက်တွင်းကနေ
တောက်ပနေတဲ့ အပြုံးပန်းလေးများနဲ့
ဆင်မြန်းပေးဦးမယ့်သူဟာ...........အမေပါ.............။


1 comment:

  1. အမေ့ကိုအရမ်းသတိရတယ်.

    ReplyDelete